ယူဆရတာကတော့ ကလေး အမေ အမျိုးသမီးက မျောက်ကို အစာပေးမလိုလုပ်ပြီးမှ မျောက်ကို စချင်တဲ့သဘောနဲ့ အစာကိုပြန်ရုတ်လိုက်တယ်လို့ ထင်ရပါတယ်။ ဗီဒီယိုနဲ့ပတ်သက်လို့ အွန်လိုင်းအသုံးပြုသူတစ်ဦးက မျောက်တွေဟာ အရိုင်းသတ္တဝါတွေဖြစ်ပြီး မထိတခိုက်သွားစတာမျိုး မလုပ်သင့်ကြောင်းနဲ့ ကလေးမလေး အဆင်ပြေစေဖို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။
နောက်တစ်ဦးကလည်း တိရစ္ဆာန်ကို သွားစတဲ့အမျိုးသမီးအနေနဲ့ အခုအခါ မှတ်လောက်သားလောက် ရှိမှာဖြစ်ကြောင်းနဲ့ အသိဉာဏ်နည်းနဲ့ တိရစ္ဆာန်တွေကို သွားမစသင့်ကြောင်း ရေးသားထားပါတယ်။ အခုအခါမှာတော့ ကလေးထိခိုက်ခံရတဲ့ အမျိုးသမီးအနေနဲ့ တိရစ္ဆာန်ရုံကိုပဲ တရားစွဲဆိုဦးမလား မပြောနိုင်သေးပါဘူး။ ဗီဒီယိုထဲမှာတော့ မျောက်လက်သီးနဲ့ အထိုးခံလိုက်ရတဲ့ ကလေးမလေးဟာ ဒလိမ့်ကောက်ကွေးနဲ့ ကျောက်လှေကားပေါ်ကနေ ပြုတ်ကျသွားတာကို မြင်ရပေမယ့် ဘယ်အတိုင်းအတာထိ ဒဏ်ရာရသွားခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။ အောက်ဘက်မှာတော့ ဗီဒီယိုဖိုင်လေးကို တင်ပေးထားပါတယ်။
Credit : လင်းလင်း (ShweMom)
Comments
Post a Comment