ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း
- Get link
- X
- Other Apps
.ပရိသတ်တွေကြား ရေဝတီဇာတ်ကောင်နဲ့ နာမည်ရလာပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေသူကတော့ မင်းသမီး နန်းစန္ဒာလှထွန်း ဖြစ်ပါတယ်။ ရေဝတီဇာတ်ရုပ်လေးနဲ့ လိုက်ဖက်လှပြီး ရိုးအေးတဲ့သူမရဲ့ ပုံစံလေးကြောင့် ပရိသတ်တွေက သဘောကျနှစ်သက်အားပေးကြတာလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ လက်ရှိမှာတော့ သူမဟာ သူမရဲ့ ပွဲတက်ဝတ်စုံကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
သူမကတော့ မနေ့ညကကျင်းပခဲ့တဲ့ Miss Myanamr World Grand Final ပွဲကြီးကို တက်ရောက်ခဲ့တာဖြစ်ပြီး ဒီပွဲတက်ဝတ်စုံနဲ့ပတ်သတ်လို့ ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။
ပွဲတက်ဝတ်စုံဟာ မှန်သားလို အထဲကိုမြင်ရတဲ့ပုံစံမျိုးဖြစ်ပြီး လူအချို့ကတော့ သူမရဲ့ ဝတ်စုံနဲ့ပတ်သတ်လို့ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သူငယ်ချင်းဖြစ်သူကတော့ ဒီအင်္ကျီကအတွင်းမှာ ဖော့ခံထားတယ်ဆိုပြီး ဓာတ်ပုံနဲ့တကွ သေချာဖြေရှင်းပြထားတာကို တွေ့ရပါတယ်။
သူမကိုယ်တိုင်ကတော့ “စိတ်ညစ်နေတာတောင်ဘယ်နားရောက်သွားမှန်းမသိဘူး ခွီနေရတယ် ငါ့နှယ့်နော်” ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာထက်မှာ ရေးတင်ထားတာ တွေ့ရပါတယ်။
သူမရဲ့ အမာခံပရိသတ်တွေကတော့ သူမဟာ ဒီလိုမျိုးဝတ်မဲ့သူမဟုတ်ကြောင်း ပြောထားကြတာတွေ့ရပြီး ဝတ်စုံဟာလည်း သေချာကြည့်ရင် အတွင်းကတစ်ထပ်ခံထားတာကို တွေ့မြင်ရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ရေဝတီ့ရဲ့ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော
#သတင်းစုံ
- Get link
- X
- Other Apps
Comments
Post a Comment