Posts

Showing posts with the label အိုင်ဒေါ

.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Image
.မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့ (၁)မအေးသောင်း အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။ မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။ (၂)အေးမြတ်သူ ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ...

မြန်မာပြည်သိန်းတန်က ဖြိုးမြတ်အောင်ကို ပတ္တမြားနဲ့ တင်စားပြီး ဝေဖန်သူများကို ဝက်နှင့်နှိုင်းဆို

Image
မြန်မာအိုင်ဒေါရဲ့ ဒိုင်တစ်ယောက်ဖြစ်သူ မြန်မာပြည်သိန်းတန်ကတော့ ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်ကို ပတ္တမြားနဲ့ နှိုင်းဆိုပြီး ဝေဖန်သူများကို ဝက်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ စာပေလာ ဘုရားဟော လူသိများ ဥပမာတစ်ခုနဲ့ ပြောဆိုချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကလည်း ဒီညမှာ အရင့်အရင်တွေနဲ့ မတူအောင် အားကုန် အစွမ်းပြ သီဆိုခဲ့တာကို တွေ့ရပြန်ပါတယ်။ လူမှုကွန်ယက်မှာတော့ ဖြိုးမြတ်အောင်ဟာ လူပြောများ နာမည်ကြီးနေပြီး ဝင်နာတစ်ယောက်ဖြစ်လိမ့်မယ်လို့ပါ အများစုက ခန့်မှားထားကြပါတယ်။credit

မြန်မာအိုင်ဒေါ မှာ သူအကြိုက်ဆုံးအဆိုတော်ကို ပြောပြလိုက်တဲ့ ကျော်ထက်အောင်…..

Image
မြန်မာအိုင်ဒေါရဲ့ အဓိကဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ ကျော်ထက်အောင် ကတော့ ပြိုင်ပွဲ မှာ ငွေဇင်လှိုင်း ကို အကြိုက်ဆုံးပဲ လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်သူကို ကြိုက်တယ်ဆိုတာ ပြောခဲပေမယ့် ဒီနေ့ ဆန်းဒေးဂျာနယ်နဲ့ အင်တာဗျူးတစ်ခုမှာတော့ ခုလိုပဲ ဖွင့်ပြောလာတာကို တွေ့ရပါတယ်။   “အကုန်လုံးကို အားပေးပါတယ်။ ဒါပေမယ့် ငွေဇင်လှိုင်းတော့ အကြိုက်ဆုံးဖြစ်တယ်။ သူဆိုပြီးတဲ့ သီချင်းဆိုရင် နောက်နေ့ အင်တာနက်မှာ ရှာဖြစ်တယ်။ သူဆိုက်တဲ့သီချင်း ရင်ထဲရောက်တယ်။ မူရင်းအဆိုတော်ကို နည်းနည်းမေ့သွားပြီး ငွေဇင်လှိုင်းဆိုပြီး ဖြစ်သွားတယ်” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ ငွေဇင်လှိုင်းက သီချင်းကို အသက်ဝင်အောင် အကောင်းဆုံးဆိုနိုင်တဲ့အကြောင်း ဒိုင်တွေအားလုံးကလည်း ချီးကျူးခံထားရသူပြိုင်ပွဲဝင်ဖြစ်ပါတယ်။ Credit :PannPwint

Popular posts from this blog

.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း

အစာ ကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး