Posts

Showing posts from July, 2018

.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Image
.မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့ (၁)မအေးသောင်း အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။ မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။ (၂)အေးမြတ်သူ ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ

.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Image
.မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့ (၁)မအေးသောင်း အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။ မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။ (၂)အေးမြတ်သူ ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ

ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း

Image
.ပရိသတ်တွေကြား ရေဝတီဇာတ်ကောင်နဲ့ နာမည်ရလာပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေသူကတော့ မင်းသမီး နန်းစန္ဒာလှထွန်း ဖြစ်ပါတယ်။ ရေဝတီဇာတ်ရုပ်လေးနဲ့ လိုက်ဖက်လှပြီး ရိုးအေးတဲ့သူမရဲ့ ပုံစံလေးကြောင့် ပရိသတ်တွေက သဘောကျနှစ်သက်အားပေးကြတာလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ လက်ရှိမှာတော့ သူမဟာ သူမရဲ့ ပွဲတက်ဝတ်စုံကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ သူမကတော့ မနေ့ညကကျင်းပခဲ့တဲ့ Miss Myanamr World Grand Final ပွဲကြီးကို တက်ရောက်ခဲ့တာဖြစ်ပြီး ဒီပွဲတက်ဝတ်စုံနဲ့ပတ်သတ်လို့ ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ ပွဲတက်ဝတ်စုံဟာ မှန်သားလို အထဲကိုမြင်ရတဲ့ပုံစံမျိုးဖြစ်ပြီး လူအချို့ကတော့ သူမရဲ့ ဝတ်စုံနဲ့ပတ်သတ်လို့ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သူငယ်ချင်းဖြစ်သူကတော့ ဒီအင်္ကျီကအတွင်းမှာ ဖော့ခံထားတယ်ဆိုပြီး ဓာတ်ပုံနဲ့တကွ သေချာဖြေရှင်းပြထားတာကို တွေ့ရပါတယ်။ သူမကိုယ်တိုင်ကတော့ “စိတ်ညစ်နေတာတောင်ဘယ်နားရောက်သွားမှန်းမသိဘူး ခွီနေရတယ် ငါ့နှယ့်နော်” ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာထက်မှာ ရေးတင်ထားတာ တွေ့ရပါတယ်။ သူမရဲ့ အမာခံပရိသတ်တွေကတော့ သူမဟာ ဒီလိုမျိုးဝတ်မဲ့သူမဟုတ်ကြောင်း ပြောထားကြတာတွေ့ရပြီး ဝတ်စုံဟာလည်

မံစီ ကိုက်ထိပ်ဒေသ Kia ငယ်သားများ ခွင့် ပြဿနာ တက်နေ

Image
ကချင်ပြည်နယ် မံစီ ကိုက်ထိပ်ဒေသတွင် လှုပ်ရှားပြီး ရှေ့တန်းစခန်းကုန်းတွေမှာ တာဝန် ထမ်းဆောင်နေတဲ့ လက်အောက်ငယ်သားများဟာ ခွင့်ပြဿနာတက်နေကြတယ်လို့ သိရပါတယ်။ KIA အဖွဲ့အတွင်းမှာ ခွင့် ခံစားခြင်းနဲ့ ပတ်သက်ရင် အထက်လူကြီးတွေသာ မကြာခဏ ပြန်နေကြသော်လည်း လက်အောက်ငယ်သားများ ခွင့်တောင်းရင် စစ်ဆင်ရေး အရေးကြီးတယ်… လုံခြုံရေး အခြေအနေအရ အင်အား လိုနေလို့ စတဲ့ အကြောင်းပြချက်များဖြင့် ခွင့်ခံစားမှု မရရှိကြ ဘူးလို့ ဆိုပါတယ်။ ၎င်းတို့ အနေနဲ့ သေစရာရှိရင် ရှေ့ဆုံးမှ သေရမှာ ဖြစ်ပေမယ့် ခံစားခွင့်တွေကြ တော့ နောက်ကျမှတောင် မရတဲ့အတွက် မကျေနပ် ဖြစ်နေကြတာပါ။ KIA အဖွဲ့အတွင်းက ငယ်သား အများစုဟာ မဝင်မနေရ စနစ်နဲ့ အဓမ္မ စုဆောင်းလို့ တပ်ဖွဲ့ ဝင်တွေ ဖြစ်နေရတာပါ။ အထက်လူကြီးတွေ ငယ်သားတွေကို ခွင့် မပေးတာလည်း သဘာဝတော့ ကျပါတယ်။ ဘာလို့လဲဆိုတော့ ခွင့်ပေးလိုက်တဲ့ ငယ်သား အများစုဟာ ၎င်းတို့ စခန်းကို ပြန်လည် ရောက်မလာကြတာ များနေလို့ပါတဲ့။ ဒါတွေကို စိုးရိမ်ပြီး ခွင့်မပေးတဲ့ အတွက်လည်း KIA တပ်ဖွဲ့ အတွင်းမှာ ထွက်ပြေးမှုတွေ နေ့စဉ်နဲ့ အမျှ ဖြစ်ပွားနေပါတယ်။ သို့သော်လည်း ငယ်သားတွေ ဘဝဟာ ထွက်ပြေးလို့ လွတ်မြောက်နိုင်ပေမယ့် ၎င်းတို့ရဲ့ မိဘ၊ ဇနီးမယားတွေကို အကြပ်ကို

မြန်မာပြည်သိန်းတန်က ဖြိုးမြတ်အောင်ကို ပတ္တမြားနဲ့ တင်စားပြီး ဝေဖန်သူများကို ဝက်နှင့်နှိုင်းဆို

Image
မြန်မာအိုင်ဒေါရဲ့ ဒိုင်တစ်ယောက်ဖြစ်သူ မြန်မာပြည်သိန်းတန်ကတော့ ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်ကို ပတ္တမြားနဲ့ နှိုင်းဆိုပြီး ဝေဖန်သူများကို ဝက်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ စာပေလာ ဘုရားဟော လူသိများ ဥပမာတစ်ခုနဲ့ ပြောဆိုချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကလည်း ဒီညမှာ အရင့်အရင်တွေနဲ့ မတူအောင် အားကုန် အစွမ်းပြ သီဆိုခဲ့တာကို တွေ့ရပြန်ပါတယ်။ လူမှုကွန်ယက်မှာတော့ ဖြိုးမြတ်အောင်ဟာ လူပြောများ နာမည်ကြီးနေပြီး ဝင်နာတစ်ယောက်ဖြစ်လိမ့်မယ်လို့ပါ အများစုက ခန့်မှားထားကြပါတယ်။credit

ကလေး ၁၃ ဦးကို ကယ်တင်ခဲ့သူ အင်္ဂလန်နိုင်ငံသား သတင်းသမားတွေကို ပြောသွား စကားသုံးခွန်း

Image
လေးစားစရာပါ… တောဝက်ကလေးတွေကိုစတင်တွေ့ရှိခဲ့တဲ့ အင်္ဂလန်နိုင်ငံသားကို မနေ့က ချင်းရိုင်းလေဆိပ်မှာသတင်းသမားတွေကို စကားသုံးခွန်းဖြေသွားပါတယ်… ” ကူညီခွင့်ရတာကိုကျေနပ်မိပါတယ်…” ကလေးတွေကို ဘာများမှာချင်ပါသလဲ ? ” နောက်ထပ် ဂူထဲမဝင်ပါနဲ့တော့ ” သူတို့အနာဂါတ်အတွက်ဘာများပြောခဲ့ချင်ပါသလဲ ? ” အနာဂါတ်မှာ..ဘာဘဲလုပ်လုပ်သတိထားပါ ” …တဲ့.. မည်သူနဲ့မှတွေ့ဆုံလက်ခံစကားမပြောဘဲ ..ပြန်သွားပါပြီး ယနေ့ည ၂၂:၀၀ ချိန်ခန့် အင်္ဂလန်နိုင်ငံသို့ရောက်ရှိသွားပြီဖြစ်ပါသည်.. Big Congratulations

လားရှိုး တက္ကသိုလ်ကျောင်းမှ ကျောင်းသားလေးတွေ တီထွင်ထားတဲ့ ဆိုလာစနစ်သုံး မော်တော်ယာဉ်တဲ့ (ရုပ်သံ)

Image
လားရှိုး တက္ကသိုလ်ကျောင်းမှ ကျောင်းသားလေးတွေ တီထွင်ထားတဲ့ ဆိုလာစနစ်သုံး မော်တော်ယာဉ်တဲ့ (ရုပ်သံ) ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်ရှိ NISSAN ကားဝပ်ရှော့ပိုင်ရှင် ဦးကြည်လင်းနှင့် သားဖြစ်သူ ကိုမျိုးမင်းသန့်တို့ကဆိုလာစနစ်သုံး အပျော်တမ်း နှစ်ယောက်စီးမော်တော်ယာဉ်တစ်စီးကိုလားရှိုးနည်းပညာတက္ကသိုလ်ကျောင်းမှ သီဟကို၊စိုင်းမင်းဆက်၊မိုင်းသန်းမောင်၊သူရိန်မိုး၊ နိုင်လင်းအောင်၊စိုင်းမင်းပြည့်စုံ၊ဆန်းထွန်း၊VI BE စက်မှုအင်ဂျင်နီယာကျောင်းသားအဖွဲ့တို့ ပူပေါင်းပါဝင်တီထွင် ထုတ်လုပ်ရာ အောင်မြင်ကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်ကို ပုရွက်ဆိတ်ဟု အမျိုးအစား သတ်မှတ်ပြီး မော်တော်ယာဉ် အရွယ်အစားမှာ အလျား ၇ ပေ၊ အနံ ၂ ပေ ဆိုလာပြား နှစ်ချပ်နှင့် ဘက်ထရီငါးလုံး ရှိ၍ ရီမုဒ်ကွန်ထရိုးစနစ်ဖြင့် စက်နှိုးကာ ၇ မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ”ကျွန်တော်တို့ ဒီမော်တော်ယာဉ်ကိုစတင်ပြုလုပ်တာ ၃ ပတ်အချိန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပစ္စည်းတန်ဖိုးနဲ့ လက်ခအပါအဝင် စုစုပေါင်း ၂၅ သိန်းခန့်ကုန်ကျပါတယ်။ ကျွန်တော်တို့မြို့တစ်ပတ်ကို စမ်းသပ်မောင်းနှင်တဲ့အခါ အောင်မြင်ပါတယ်။ လောလောဆယ်တော့ ကားအမျိုးအစားကို ပုရွက်ဆိတ်လို့

ကိုယ့်ဆီမှာတင်နေတဲ့ ၀ဋ်ကြွေးတွေကို အမြန်ကျေစေသော နည်းလမ်း

Image
ရွာတစ်ရွာမှာ လင်မယား နှစ်ယောက် ရှိတယ် ။ ယောက်ျားဟာ သိပ်ကို ကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ အတွက် တနေ့ တနေ့ သူ့မိန်းမကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်တတ် ပါတယ် ။ ယောင်္ကျားဟာ အလုပ်က ပြန်လာပြီ ဆိုတာနဲ့ မျက်နှာက တည်တင်းလို့ မိန်းမကို ဘယ်လို အပြစ်ရှာရ မလဲဆိုတာပဲ တွေးနေတတ် ပါတယ် ။ အပြစ်ကလေး တခု တွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာ ပါပဲ ။ မိန်းမကလည်း သူ့ယောက်ျားကို သိပ်ကြောက်ရ ပါတယ် ။ သူအိမ်ပြန်လာ တာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့် ဖြစ်အောင် တစ်အိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ် ၊ တခြံလုံး အမှိုက်တွေ ရှင်း ၊ ထမင်း ဟင်းတွေကိုလည်း အဆင်သင့် ခူးခပ်ပေးထား ပါတယ် ။ ဒါ့ပေမယ့် အပြစ် ကတော့ မလွတ်ပါဘူး ။ ထမင်းက သူပြန်မလာခင် စောစောလေး ကြိုခူးထားမိရင်လည်း “ ဒီလောက် အကြာကြီး က ထမင်းခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့ ၊ တနေကုန် ပင်ပန်းနေတာ ဒီထမင်း အအေးကြီး ငါက စားရမလား ၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ ” ဆိုပြီး ထမင်း ပန်းကန်ကို မှောက်ပြစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာပါပဲ ။ ယောက်ျား ပြန်လာခါနီးမှ အပြေးအလွှား ထမင်းခူးထား ပြန်တော့လည်း “ ယောက်ကျားက မောမော ပန်းပန်းနဲ

ဂျပန်မှာ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် ၁၉၉ ဦးအထိ မြင့်တက်လာ

Image
ဂျပန်နိုင်ငံ နေရာဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုများအတွင်း သေဆုံးသူအရေအတွက် ၁၉၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေသေးကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇူလိုင် ၁၂ ရက်) ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ ဂျပန်မှာ နှစ်ပေါင်း ၃၀ အတွင်း မိုးရွာသွန်းမှုကြောင့် အဆိုးရွားဆုံး ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရမှုဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ဆိုပါတယ်။ ဂျပန်ဝန်ကြီျးချုပ် ရှင်ဇိုအဘေး ရေကြီးမြေပြိုမှုများ အဆိုးဆုံးဖြစ်ခဲ့တဲ့ နေရာဒေသတွေကို ယမန်နေ့ (ဇူလိုင် ၁၁ ရက်) မှာ သွားရောက်ကြည့်ရှုခဲ့ပြီး သောကြာနေ့ (ဇူလိုင် ၁၃ ရက်) မှာလည်း မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှု အဆိုးဆုံးကြုံခဲ့ရတဲ့ နောက်ထပ် နေရာတွေကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။ ရေကြီးမြေပြိုမှုကြောင့် လူအများအပြား သေဆုံးမှုတွေရှိလာခဲ့ပြီးနောက် ဝန်ကြီးချုပ်အဘေးက နိုင်ငံ ၄ ခုသို့ သွားရောက်ရန်စီစဉ်ထားတဲ့ ၎င်းရဲ့ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။ လက်ရှိမှာ မိုးသည်းထန်စွာ စံချိန်တင်ရွာသွန်းခဲ့ပြီးနောက် သီတင်းတစ်ပတ်ကြာခဲ့ပြီးဖြစ်ရာ ရေကြီးမြေပြု

မကွေးပရဟိတအသင်းရဲ့ ပထမဆုံး မကွေးဂုဏ်ရည်ဆုရသွားတဲ့ ယာဉ်ထိန်းနှစ်ဦး

Image
မကွေးမြို့ရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် (၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မကွေးဂုဏ်ရည်ဆုကို စတင်ချီးမြှင့်ရန် မကွေးမြို့မှ ယာဉ်ထိန်းအမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။ “ဝန်ထမ်းမှ အရပ်သားမှ မဟုတ်ဘဲ မိမိကိုယ်ကျိုးကိုမငဲ့ အများပြည်သူရဲ့ အကျိုးကိုစွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသူတွေကို ရွေးထုတ်ပြီး နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း အခုလို မကွေးဂုဏ်ရည်ဆု ချီးမြှင့်ပေးသွားမှာပါ။ ဆုကြေးကို ဘယ်ရွေ့ဘယ်မျှ ထုတ်ဖော်ပြောနိုင်ခြင်း မရှိသေးပေမဲ့ ထိုက်ထိုက်တန် တန်တော့ ဖြစ်မှာပါ”ဟု မကွေးပရဟိတအသင်း ဦးဆောင်သူ ကိုမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ အဆိုပါ မကွေးဂုဏ်ရည် ပထမဆင့်အတွက် ယာဉ်ထိန်းတပ်ကြပ်ကြီး ခင်မောင်စိုးနှင့် မကွေးဂုဏ်ရည် ဒုတိယဆင့်ကို ယာဉ်ထိန်းတပ်သား ပပဝင်းတို့အား ၂၀၁၈ခုနှစ် ဇူလှိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါဆုများချီးမြှင့်ခြင်းအတွက် ရွှေဧရာမိသားစုက အဓိကပံ့ပိုးထားကြောင်း သိရသည်။   Credit-Tachileik News

၂၀၁၈ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရမယ့်သူက ဘယ်သူလဲ

Image
၂၀၁၈ ကမ္ဘာ့ဖလားပွဲလည်း မကြာခင်ပြီးတော့မှာဆိုတော့ ဖလားအပြင် ရွှေဘောလုံးဆု၊ ရွှေလက်အိတ်ဆု၊ ရွှေဖိနပ်ဆု၊ လူငယ်ဘောလုံးသမားဆုတွေပါ ပါဝင်တဲ့အတွက် ဘယ်သူရမလဲဆိုတာ စိတ်လှုပ်ရှားဖို့ကောင်းတယ်နော်။ အခု မိုမိုလေးရဲ့ချစ်မိတ်ဆွေတို့ကိုပြောပြချင်တာက ကမ္ဘာ့ဖလားပွဲစဉ်တလျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမားအတွက် ချီးမြှင့်မယ့်ရွှေဖိနပ်ဆုခန့်မှန်းချက် ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတလျှောက်မှာ ထိပ်တန်းဂိုးအများဆုံးသွင်းနိုင်တဲ့လူစာရင်း (၁) ဟယ်ရီကိန်း (အင်္ဂလန်) – လက်ရှိသွင်းဂိုး ၆ ဂိုး (၂) ဒန်းနစ်ခရီရှက်ဖ် (ရုရှား) – လက်ရှိသွင်းဂိုး ၄ ဂိုး (၃) လူကာကူ (ဘယ်ဂျီယံ) – လက်ရှိသွင်းဂိုး ၄ ဂိုး (၄) ရော်နယ်ဒို (ပေါ်တူဂီ) – လက်ရှိသွင်းဂိုး ၄ ဂိုး (၅) ဂရစ်ဇ်မန်း (ပြင်သစ်) – လက်ရှိသွင်းဂိုး ၃ ဂိုး (၆) ဒီယူဘာ (ရုရှား) – လက်ရှိသွင်းဂိုး ၃ ဂိုး (၇) ဒီယေဂိုကော်စတာ (စပိန်) – လက်ရှိသွင်းဂိုး ၃ ဂိုး (၈) ဘာပေ (ပြင်သစ်) – လက်ရှိသွင်းဂိုး ၃ ဂိုး (၉) မီနာ (ကိုလံဘီယာ) – လက်ရှိသွင်းဂိုး ၃ ဂိုး (၁၀) ကာဗာနီ (ဥရုဂွေး) – လက်ရှိသွင်းဂိုး ၃ ဂိုး   ၂၀၁၈ ကမ္ဘာ့ဖလား အတွက် ဟယ်ရီကိန်း၊ လူကာကူ၊ ဘာပေ တို့ကတော့ လက်ရှိ ရွှေဖိနပ်ဆုအတွက် နာမည်ထွက်နေတဲ့ကစားသမား

ကျောင်းသူအဝတ်လဲခန်းအတွင်း လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့သည့်ဆရာ အပြစ်ပေးခံရ

Image
အင်္ဂလန်နိုင်ငံ၊ ဒီဗွန်မြောက်ပိုင်း South Molton Community College မှာ တာဝန်ထမ်းဆောင်တဲ့ ကောလိပ် ဆရာတစ်ဦးကို အနုပညာကျောင်းသူလေးတွေ ဒရာမာ ဇာတ်ဝတ်ဇာတ်စား အဝတ်လဲခန်း အတွင်းမှာ လျှို့ဝှက် ကင်မရာ ထားရှိပြီး၊ မဖွယ်မရာ ဗွီဒီယိုမှတ်တမ်းတွေ ရယူခဲ့မှုနဲ့ သူ့ကို ဖမ်းဆီးထားကြောင်း သိရပါတယ်။   ဆရာရဲ့အမည်မှာ မာ့ခ်တော်လေး-လို့ သိရပြီး သူဟာ လျှို့ဝှက်ကင်မရာနဲ့ အထူးဖန်တီးထားတဲ့ ဖုန်း App တို့ကို ချိတ်ဆက်ကာ မဖွယ်မရာ ကျောင်းသူလေးတွေ အဝတ်လဲတဲ့ဗွီဒီယိုဖိုင်ကို ရယူခဲ့ကြောင်း ပေါ်လွင်ခဲ့ပါတယ်။ မာ့ခ်ရဲ့အမှုကို ဒီနေ့ ဇူလိုင် (၁၂)ရက်မှာပင် ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်းလည်း ပေါ်လွင်ခဲ့ပါတယ်။   အဆိုပါ ဒရာမာဇာတ်ဝတ်ဇာတ်စား အဝတ်လဲခန်းဟာ အသက်(၁၃-၁၄)အရွယ် ဂီတ-အနုပညာကျောင်းသူတွေ Presentation လုပ်တဲ့အခါမှာ အသုံးပြုတဲ့ အခန်းဖြစ်ပါတယ်။ မာ့ခ်ဟာ ဒရာမာဆရာတစ်ဦးဖြစ်ပြီး အခင်းဖြစ်ခဲ့ရာကျောင်းမှာ (၂၀၀၆-၁၅)အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။   အစိုးရရှေ့နေဖြစ်သူ မေရီမက်ကာသီရဲ့ အဆိုအရ (၂၀၁၄)တုန်းကတည်းက မာ့ခ်ရဲ့ကွန်ပျူတာထဲမှာ ကျောင်းသူလေးတွေရဲ့ အဝတ်လဲတဲ့ဗွီဒီယိုဖိုင်တွေကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အသက်(၄၈)နှစ်အရ

အစာ ကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး

Image
တရုတ်ပြည် က တိရစ္ဆာန် ရုံတစ်ရုံမှာ သားအမိနှစ်ဦးဟာ မျောက်တစ်ကောင်ကို အစာကျွေးနေတုန်း မျောက်က ကလေးမလေးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ယင်းအဖြစ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ ပုဆစ်တုတ်ထိုင်နေကြတဲ့ သားအမိနှစ်ဦးက အေးအေးလူလူနဲ့ မျောက်ကို အစာကျွေးနေခဲ့ပါတယ်။ ဒါပေမယ့် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ မျောက်ဟာ မိခင်ဘေးမှာထိုင်နေတဲ့ ကလေးမလေးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တာပါ။   ယူဆရတာကတော့ ကလေး အမေ အမျိုးသမီးက မျောက်ကို အစာပေးမလိုလုပ်ပြီးမှ မျောက်ကို စချင်တဲ့သဘောနဲ့ အစာကိုပြန်ရုတ်လိုက်တယ်လို့ ထင်ရပါတယ်။ ဗီဒီယိုနဲ့ပတ်သက်လို့ အွန်လိုင်းအသုံးပြုသူတစ်ဦးက မျောက်တွေဟာ အရိုင်းသတ္တဝါတွေဖြစ်ပြီး မထိတခိုက်သွားစတာမျိုး မလုပ်သင့်ကြောင်းနဲ့ ကလေးမလေး အဆင်ပြေစေဖို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။ နောက်တစ်ဦးကလည်း တိရစ္ဆာန်ကို သွားစတဲ့အမျိုးသမီးအနေနဲ့ အခုအခါ မှတ်လောက်သားလောက် ရှိမှာဖြစ်ကြောင်းနဲ့ အသိဉာဏ်နည်းနဲ့ တိရစ္ဆာန်တွေကို သွားမစသင့်ကြောင်း ရေးသားထားပါတယ်။ အခုအခါမှာတော့ ကလေးထိခိုက်ခံရတဲ့ အမျိုးသမီးအနေနဲ့ တိရစ္ဆာန်ရုံကိုပဲ တရားစွဲဆိုဦးမလား မပြောနိုင်သေးပါဘူး။ ဗီဒီယိုထဲမှာတော့

ဟေလီ နဲ့စေ့စပ်လိုက်ပေမဲ့ ဆလီနာရဲ့တက်တူးရှိနေသေးတဲ့ ဘီဘာ

Image
ဂျက်စတင်ဘီဘာ ဟာ ဟေလီနဲ့စေ့စပ်လိုက်ပေမယ့် ဆလီနာဂိုမက်ဇ် ရဲ့ ပုံကိုထိုးထားတဲ့တက်တူးကို အခုထက်ထိမဖျက်သေးတဲ့အတွက် စိတ်မကုန်သေးတာလားဆိုပြီး မေးစရာရှိလာပါတယ်။ ဆလီနာရဲ့ပုံတက်တူးဟာ ဂျက်စတင်ဘီဘာ ရဲ့ လက်ပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရှိနေတဲ့အတွက် တမင်မဖျက်သေးတာလားလို့ ထင်ရပေမယ့် တကယ်တော့မဟုတ်ပါဘူး။ ဂျက်စတင်ဘီဘာက အဲ့ တက်တူး ကို ဖုံးပြီးဖျက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ (၂၀၁၆)ခုနှစ်၊ ဖေဖော်ဝါရီလောက်ကတည်းက မဂ္ဂဇင်းတစ်ခုနဲ့ အင်တာဗျူးမှာ ဂျက်စတင်ကပြောပြခဲ့ပါတယ်။’ဒီပုံက ကျွန်တော့်အရင်ရည်းစားဟောင်းရဲ့ပုံပါ။ ဒါကြောင့် ကျွန်တော် သူ့ပုံကိုဖျက်ဖို့ ပုံတွေအမျိုးမျိုးထပ်ထည့်ခဲ့ပါတယ်။ဒါပေမယ့် လူတွေကဆလီနာမှန်းသိနေတုန်းပဲ’ လို့ပြောခဲ့တာပါ။ အဲ့အင်တာဗျူးပြီးတော့ သူတို့ခဏပြန်ပြီး အဆင်ပြေသွားကြပါသေးတယ်။ သိပ်မကြာခင်ပြန်ပြတ်သွားပြန်ပါတယ်။ ဘီဘာရဲ့လက်ပေါ်မှာ အခုထက်ထိတက်တူးရှိနေတယ်ဆိုတာ ဆလီနာကသိနေတဲ့အတွက် သူစေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းကိုကြားလိုက်တဲ့အချိန်မှာ လက်မောင်းပေါ်ကတက်တူးလိုသူ့နှလုံးသားထဲမှာရှိနေတုန်းဆိုတာသိနေလို့ ဆလီနာအနေနဲ့ တုန်လှုပ်သွားတာမျိုးမရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်ကြေးတွေပေးနေကြပါတယ်။ ဘာပဲပြောပြော ဘီဘ

ကလေးတွေရဲ့ မဖွယ်မရာဓာတ်ပုံတွေ စုဆောင်းထားတဲ့ ဖခင်ကြီးကို သတ်ပစ်ခဲ့တဲ့ သမီးကြီး

Image
လက်ရှိအချိန်မှာ အသက်(၆၃)နှစ်တောင် ရောက်နေပြီဖြစ်တဲ့ Barbara Coombes အမည်ရ အမျိုးသမီးကြီးဟာ သူမရဲ့ ဖခင်ဖြစ်သူ Kenneth Coombes (၈၇)နှစ်က ကလေးတွေကို လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်သူလို့ သိရှိလိုက်ပြီးနောက်မှာ ကိုယ်တိုင်သတ်ပြီး၊ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။   Manchester Crown Court မှာ ကြားနာချက်အရ Kenneth ဟာ တပ်မတော် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး၊ သမီးကြီးဖြစ်တဲ့ Barbara ကိုလည်း နှစ်ပေါင်း(၄၀)အတွင်းမှာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Kenneth ဟာ ကလေးငယ်လေးတွေရဲ့ မဖွယ်မရာဓာတ်ပုံများစွာကို စုဆောင်းထားရှိကြောင်း တရားရုံးက ဆိုပါတယ်။     သမီးဖြစ်တဲ့ Barbara ဟာ နှစ်များစွာအနှိပ်စက်ခံရတဲ့ဒဏ်၊ လူမှုရေးအရ အရှက်တကွဲဖြစ်ရမယ့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်နေတဲ့ ဖခင်ဖြစ်သူကို လုံးဝမုန်းတီးသွားခဲ့ပြီးနောက် ဖခင်အရင်းကို ကိုယ်တိုင်ပြန်သတ်ခဲ့တဲ့အထိ ဖြစ်စေခဲ့ပါတော့တယ်။ တရားရုံးက သူမကို ထောင်ဒဏ် (၉)နှစ် ချမှတ်ခဲ့ပါတယ်။   Barbara ဟာ ဖခင်ဖြစ်သူကို (၂၀၀၆)ခုနှစ်မှာ သတ်ပစ်ခဲ့တာဖြစ်ပြီး၊ အလောင်းကို အိမ်နောက်ပေးဥယျာဉ်ထဲမှာ တိတ်တဆိတ် မြှုပ်နှံကာ အမှုကို

မြန်မာအိုင်ဒေါ မှာ သူအကြိုက်ဆုံးအဆိုတော်ကို ပြောပြလိုက်တဲ့ ကျော်ထက်အောင်…..

Image
မြန်မာအိုင်ဒေါရဲ့ အဓိကဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ ကျော်ထက်အောင် ကတော့ ပြိုင်ပွဲ မှာ ငွေဇင်လှိုင်း ကို အကြိုက်ဆုံးပဲ လို့ ပြောဆိုလိုက်ပါတယ်။ ဘယ်သူကို ကြိုက်တယ်ဆိုတာ ပြောခဲပေမယ့် ဒီနေ့ ဆန်းဒေးဂျာနယ်နဲ့ အင်တာဗျူးတစ်ခုမှာတော့ ခုလိုပဲ ဖွင့်ပြောလာတာကို တွေ့ရပါတယ်။   “အကုန်လုံးကို အားပေးပါတယ်။ ဒါပေမယ့် ငွေဇင်လှိုင်းတော့ အကြိုက်ဆုံးဖြစ်တယ်။ သူဆိုပြီးတဲ့ သီချင်းဆိုရင် နောက်နေ့ အင်တာနက်မှာ ရှာဖြစ်တယ်။ သူဆိုက်တဲ့သီချင်း ရင်ထဲရောက်တယ်။ မူရင်းအဆိုတော်ကို နည်းနည်းမေ့သွားပြီး ငွေဇင်လှိုင်းဆိုပြီး ဖြစ်သွားတယ်” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ ငွေဇင်လှိုင်းက သီချင်းကို အသက်ဝင်အောင် အကောင်းဆုံးဆိုနိုင်တဲ့အကြောင်း ဒိုင်တွေအားလုံးကလည်း ချီးကျူးခံထားရသူပြိုင်ပွဲဝင်ဖြစ်ပါတယ်။ Credit :PannPwint

.ရေတပ် တပ်ကြပ်ကြီး Samarn ရဲ့ မသေခင်နောက်ဆုံးအချိန်လေးမှာသူဘာပြောသွားခဲ့လဲ !!!!(ရုပ်သံ)

Image
. ရှေ့ တိုးပြီးရင် ဘယ်တော့မှာနောက်မဆုတ်ဘူး တဲ့ !!! ရေတပ်တပ်ကြပ်ကြီး Samarn ရဲ့ မသေခင်ကပြောစကားပါ !!!   ရေတပ် တပ်ကြပ်ကြီး Samarn ရဲ့ မသေခင်နောက်ဆုံး၇ိုက်ကူးခဲ့တဲ့ရုပ်သံပါ ကျနော်တို့ အခုသွားရမဲ့နေရာက မီတာ ၃၀၀လောက်ရှည် တယ်အနက် မီတာ၂၀လောက်ရှိတယ် .အဲဒီ လှိုင်ဂေါင်းအရှည်ကိုကျနော်တို့ ကူးရပါမယ်။အခက်အခဲတွေက တော့ ရှိတာပေါ့ !!!ဒါပေမဲ့ ကျနော်တို့ ရေတပ် (Navy Seal )က ရှေ့ တိုးပြီးရင် ဘယ်တော့မှာနောက်မဆုတ်ဘူး ကလေးတွေကိုရအောင်ပဲ ကယ်ရမယ် )) တဲ့ဂုဏ်ပြုထိုက်ပါတယ် ။ကောင်းရာမွန်ရာ ဘုံဘ၀မှာ ငြိမ်းချမ်းစွာ အနားယူပါတော့နော်!!!! SAW

ကိုယ့်ရဲ့လမ်းကြောင်းမလှတဲ့အတွက် ပရိသတ်တွေကိုမငိုစေချင်ဘူး ဆိုတဲ့ မကြူကြူသင်း

Image
ရုပ်ရှင်သရုပ်ဆောင်ဆိုတာခံစားချက်အမှန်ကိုဖုံးကွယ်ပြီးအိုက်တင်မျိုးစုံနဲ့ရှင်သန်နေရသူတွေပါ။အထူးသဖြင့်ဟာသသရုပ်ဆောင်တွေရဲ့စိတ်ကပိုပြီးထိုးဖောက်မြင်နိုင်ဖို့ခက်ခဲပါတယ်။လူတွေအမြင်မှာပျော်ရွှင်တယ်လို့ထင်နေရတဲ့သူတွေဘဝမှာပြောပြလို့မရနိုင်တဲ့ဝမ်းနည်းနာကျင်မှုတွေရှိနေတတ်ပါတယ်။ ယခုပြောပြပေးချင်တာကဟာသသရုပ်ဆောင်ကြူကြူသင်းအကြောင်းဖြစ်ပါတယ်။ကိုယ်လုံးကြီးကြီးနဲ့တင်ပါးအကြီးကြီးကိုမြင်တိုင်းပရိသတ်တွေရဲ့မျက်နှာမှာအပြုံးတစ်ခုရောက်လာစေဖို့ဖန်တီးပေးခဲ့သူ ဆိုလည်း မမှားပါဘူး။ အရင်ဆုံးကြူကြူသင်းဆိုတဲ့နာမည်လေးဘယ်လိုရလာလည်းဆိုတာပြောပြသွားပါတယ်။ “ အမငယ်ငယ်ကအရမ်းရုပ်ဆိုးတာ။ ဝတုတ်ပြီး ပါးဖောင်းဖောင်းကြီးနဲ့ ထိုင်ရင်လည်း ပုံ့ပုံကြီး ၊ ရုပ်ကလေးကလည်း ဆူဆူလေး ဆိုတော့ တစ်အိမ်လုံးကအမကို‘ပုံဆိုး’လို့ခေါ်တာ။တော်တော်လေးကြီးတဲ့အထိ‘ပုံပုံ’၊‘ပုံဆိုး’လို့ခေါ်တယ်။ဖေဖေကငါ့သမီးလေးကိုဒီလိုမျိုးမခေါ်ပါနဲ့ နာမည်တော့ပျက်တော့မှာပဲဆိုပြီး ပြောတယ်။ အဲ့ဒါနဲ့ ဖေဖေက စန္ဒရားတီးတော့သီချင်းနာမည်လေး‘ကြူကြူသင်း’ဆိုပြီးပေးလိုက်တာ။အမကိုသူများတွေအရင်သတိထားမိကြတာကတင်ပါးပဲ။တင်ပါးကြီးကြီးနဲ့ဟာသသရုပ်ဆောင်တစ်ယောက်ဆိုပြီးချစ်ကြတာပါ” လို့ ပြောပါတယ်။ ကိုယ့်ဘဝအကြေ

ဂျ က်စတင်ဘီဘာ ရဲ့မိန်းကလေး ကို သနားမိတယ် လို့ ဆိုလိုက်တဲ့ ဆယ်လီနာဂိုးမက်စ်

Image
စတင်ရဲ့ စေစပ်လိုက်တဲ့ ချစ်သူမိန်းကလေးကို သနားစိတ်ဖြစ်မိတယ်လို့ ဆယ်လီနာဂိုးမက်စ်ရဲ့ အနီးစပ်ဆုံး သူငယ်ချင်းတွေက ဆယ်လီနာ့မှာဖြစ်ပေါ်နေတဲ့ ခံစားချက်ကို အတွင်းသတင်းတွေမှာ ပြောထားကြပါတယ်။ ရေဒါအွန်လိုင်းသတင်းမှာဆိုရင် ဂျက်စတင် ဘီဘာက အခုစေ့စပ်လိုက်တဲ့ ငယ် ရည်းစားချစ်သူမိန်းကလေး ဟာလေးကို ပြောခဲ့သလိုပဲ ဆယ်လီနာဂိုးမက်စ်ကိုလည်း အခုနှစ် အစော ပိုင်းတုန်းက ပရိုပို့စ်လုပ်ပြောခဲ့ဖူးတယ်လို့ ရေးသားထားပါတယ်။ ဒီ့အတွက်ကြောင့် ဆယ်လီနာက သူမကို ပြောခဲ့ဖူးတဲ့စကားတွေလိုပဲ ဂျက်စတင်ဘီဘာက သူ့ရဲ့ အခုလက်ရှိ စေ့စပ်ထားတဲ့ ချစ်သူမိန်းကလေး ဟာလေးကိုလည်း ပြောခဲ့ဖူးလို့ သူမကို စိတ်မကောင်း ဖြစ်မိတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ကနေဒီယမ်အဆိုတော် ဂျက်စတင်ဘီဘာ ဟာ ပြီးခဲ့တဲ့ လအစောပိုင်းကတည်းကစပြီး ငယ်သူငယ်ချင်း ရည်းစားဟောင်းမိန်းကလေးနဲ့ ပြန်လည် ပေါင်းစည်းနေပြီး အချစ်ရေးစတင်နေခဲ့တာဖြစ်ကာ ယခုရက်သတ္တပတ်တုန်းက ဘက်ဟားမက်စ်က ကလပ်တစ်ခုမှာ ဟာလေးကို ပရိုပို့စ်လုပ် စေ့စပ်လိုက်တာဖြစ်ပါတယ်။ “ မင်းက ငါ့ဘဝရဲ့ အချစ်ပဲ ဟာလေးဘယ်လ်ဝင်းဒ်လို့” စာကို ဘီဘာက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပြီးတော့ အချစ်ရေး အတည်ပြုခဲ့လို့ သူတို့ရဲ့ပရိတ်သတ်တွေကို

Popular posts from this blog

ကျောင်းသူအဝတ်လဲခန်းအတွင်း လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့သည့်ဆရာ အပြစ်ပေးခံရ

အစာ ကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး

ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း