.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Image
.မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့ (၁)မအေးသောင်း အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။ မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။ (၂)အေးမြတ်သူ ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ

ဂျ က်စတင်ဘီဘာ ရဲ့မိန်းကလေး ကို သနားမိတယ် လို့ ဆိုလိုက်တဲ့ ဆယ်လီနာဂိုးမက်စ်


ဒီ့အတွက်ကြောင့် ဆယ်လီနာက သူမကို ပြောခဲ့ဖူးတဲ့စကားတွေလိုပဲ ဂျက်စတင်ဘီဘာက သူ့ရဲ့ အခုလက်ရှိ စေ့စပ်ထားတဲ့ ချစ်သူမိန်းကလေး ဟာလေးကိုလည်း ပြောခဲ့ဖူးလို့ သူမကို စိတ်မကောင်း ဖြစ်မိတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ကနေဒီယမ်အဆိုတော် ဂျက်စတင်ဘီဘာ ဟာ ပြီးခဲ့တဲ့ လအစောပိုင်းကတည်းကစပြီး ငယ်သူငယ်ချင်း ရည်းစားဟောင်းမိန်းကလေးနဲ့ ပြန်လည် ပေါင်းစည်းနေပြီး အချစ်ရေးစတင်နေခဲ့တာဖြစ်ကာ ယခုရက်သတ္တပတ်တုန်းက ဘက်ဟားမက်စ်က ကလပ်တစ်ခုမှာ ဟာလေးကို ပရိုပို့စ်လုပ် စေ့စပ်လိုက်တာဖြစ်ပါတယ်။

“ မင်းက ငါ့ဘဝရဲ့ အချစ်ပဲ ဟာလေးဘယ်လ်ဝင်းဒ်လို့” စာကို ဘီဘာက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပြီးတော့ အချစ်ရေး အတည်ပြုခဲ့လို့ သူတို့ရဲ့ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ သတင်းတွေထဲမှာတော့ ဂျက်စတင်က ဒီလိုအဓိပ္ပါယ်တစ် ပုံစံတည်းတူတဲ့ စကားမျိုးကို ပြီးခဲ့တဲ့ လအ နည်းငယ်ကြာတုန်းကလည်း ရည်းစားဟောင်း ဆယ်လီနာဂိုးမက်စ်ကို ပြောခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။

နောက်ပြီး ဇန်နဝါရီမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာကစ ဆယ်လီနာဂိုးမက်စ် ကို သူ့ရဲ့ မိသား စုဝင်တွေဆီခေါ်သွားပြီး တရားဝင်မိတ်ဆက်ပေးတာမျိုးတွေနဲ့ လှပပြီးရိုမန်းတစ်ဆန်တဲ့ အချစ် ခရီး တစ်ခုကို ဖန်တီးဖြစ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ဆယ်လီနာကတော့ ဂျက်စတင်ဟာ သူ့မိန်း ကလေး ဟာလေးကိုသာ တကယ်ချစ်ပြီး သူ့တစ်ဘဝလုံး အတူရှိနေချင်တယ်ဆိုရင် အင်စတာဂရမ်မှာ လူတိုင်းသိအောင် လိုက်ပြောပြနေစရာမလိုဘူးလို့ ထင်တယ်လို့ ဆိုပါတယ်။

ဟာလေးအတွက်တော့ တကယ့်ကိုဆိုးရွားလို့ စိတ်မကောင်းဖြစ်မိတယ်လို့ ခံစားရပြီးတော့ နှစ်အ တော်ကြာ ဂျေဘီ့နောက်ကို လိုက်ပြီး ဆယ်လီနာ့ကြောင့် ဂျေဘီဝမ်းနည်းခဲ့သမျှ နှစ်သိမ့်ပေးခဲ့တဲ့ အကောင်းဆုံးမိန်းကလေးဖြစ်ခဲ့လို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မေ(ရွှေအင်းလေး)

Comments

Popular posts from this blog

ကျောင်းသူအဝတ်လဲခန်းအတွင်း လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့သည့်ဆရာ အပြစ်ပေးခံရ

အစာ ကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး

ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း