.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Image
.မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့ (၁)မအေးသောင်း အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။ မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။ (၂)အေးမြတ်သူ ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ

ကိုယ့်ရဲ့လမ်းကြောင်းမလှတဲ့အတွက် ပရိသတ်တွေကိုမငိုစေချင်ဘူး ဆိုတဲ့ မကြူကြူသင်း


ယခုပြောပြပေးချင်တာကဟာသသရုပ်ဆောင်ကြူကြူသင်းအကြောင်းဖြစ်ပါတယ်။ကိုယ်လုံးကြီးကြီးနဲ့တင်ပါးအကြီးကြီးကိုမြင်တိုင်းပရိသတ်တွေရဲ့မျက်နှာမှာအပြုံးတစ်ခုရောက်လာစေဖို့ဖန်တီးပေးခဲ့သူ ဆိုလည်း မမှားပါဘူး။

အရင်ဆုံးကြူကြူသင်းဆိုတဲ့နာမည်လေးဘယ်လိုရလာလည်းဆိုတာပြောပြသွားပါတယ်။

“ အမငယ်ငယ်ကအရမ်းရုပ်ဆိုးတာ။ ဝတုတ်ပြီး ပါးဖောင်းဖောင်းကြီးနဲ့ ထိုင်ရင်လည်း ပုံ့ပုံကြီး ၊ ရုပ်ကလေးကလည်း ဆူဆူလေး ဆိုတော့ တစ်အိမ်လုံးကအမကို‘ပုံဆိုး’လို့ခေါ်တာ။တော်တော်လေးကြီးတဲ့အထိ‘ပုံပုံ’၊‘ပုံဆိုး’လို့ခေါ်တယ်။ဖေဖေကငါ့သမီးလေးကိုဒီလိုမျိုးမခေါ်ပါနဲ့ နာမည်တော့ပျက်တော့မှာပဲဆိုပြီး ပြောတယ်။ အဲ့ဒါနဲ့ ဖေဖေက စန္ဒရားတီးတော့သီချင်းနာမည်လေး‘ကြူကြူသင်း’ဆိုပြီးပေးလိုက်တာ။အမကိုသူများတွေအရင်သတိထားမိကြတာကတင်ပါးပဲ။တင်ပါးကြီးကြီးနဲ့ဟာသသရုပ်ဆောင်တစ်ယောက်ဆိုပြီးချစ်ကြတာပါ” လို့ ပြောပါတယ်။

ကိုယ့်ဘဝအကြောင်းကိုသိပြီးပရိသတ်တွေမငိုစေချင်တဲ့အတွက်အင်တာဗျူးတောင်မဖြေတဲ့ အကြောင်း ကြူကြူသင်းက ခုလိုပြောပါတယ်။

“ အန်တီကြူသင်းတစ်ခါတုန်းက MRTV- 4 မှာအင်တာဗျူးလုပ်ဖူးတယ်။ မိသားစုအကြောင်းကောက်ကာငင်ကာမေးလိုက်တော့ အန်တီ မျက်ရည်ကျခဲ့တယ်။အပြင်မှာကြည့်လိုက်တဲ့လူတွေကအန်တီအကြောင်းကြားတော့မျက်ရည်ကျပြီးငိုကြတယ်။ အဲ့လိုဆိုတော့ စိတ်မကောင်းဘူး။ အဲ့ဒါကြောင့်အင်တာဗျူးဆို ရှောင်တယ်။ကိုယ့်ရဲ့လမ်းကြောင်းမလှတဲ့အတွက်ပရိသတ်တွေကိုမငိုစေချင်ဘူး။ဟာသသရုပ်ဆောင်တစ်ယောက်ကိုဟာသအမြင်နဲ့ပဲကိုယ့်ကို ပျော်ပျော်လေးပဲမြင်စေချင်တယ်။အန်တီကြူသင်းအိမ်ထောင်ပျက်ထားပါတယ်။ အခုတစ်ယောက်တည်းပါ။ ဘဝမှာ အကြီးမားဆုံးအမည်းစက်ကြီးတစ်ခုပေါ့။ဒါပေမဲ့ဒီဘဝလေးမှာအခုလိုအချိန်လေးနေရတာပျော်ပါတယ်။” လို့ဝမ်းနည်းစွာပြောပါတယ်။

ပရိသတ်တွေရဲ့ မျက်နှာမှာ အပြုံးရိပ်တွေထင်စေခဲ့တဲ့ အန်တီကြူကြူသင်းရဲ့ ရင်ထဲမှာတော့ ဝမ်းနည်းမိုးရိပ်တွေ အမြဲရွာနေစမြဲပါ ပရိသတ်ကြီးရေ

Credit;

Comments

Popular posts from this blog

ကျောင်းသူအဝတ်လဲခန်းအတွင်း လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့သည့်ဆရာ အပြစ်ပေးခံရ

အစာ ကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး

ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း