.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Image
.မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့ (၁)မအေးသောင်း အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။ မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။ (၂)အေးမြတ်သူ ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ

ကျောင်းသူအဝတ်လဲခန်းအတွင်း လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့သည့်ဆရာ အပြစ်ပေးခံရ


 

ဆရာရဲ့အမည်မှာ မာ့ခ်တော်လေး-လို့ သိရပြီး သူဟာ လျှို့ဝှက်ကင်မရာနဲ့ အထူးဖန်တီးထားတဲ့ ဖုန်း App တို့ကို ချိတ်ဆက်ကာ မဖွယ်မရာ ကျောင်းသူလေးတွေ အဝတ်လဲတဲ့ဗွီဒီယိုဖိုင်ကို ရယူခဲ့ကြောင်း ပေါ်လွင်ခဲ့ပါတယ်။ မာ့ခ်ရဲ့အမှုကို ဒီနေ့ ဇူလိုင် (၁၂)ရက်မှာပင် ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်းလည်း ပေါ်လွင်ခဲ့ပါတယ်။

 

အဆိုပါ ဒရာမာဇာတ်ဝတ်ဇာတ်စား အဝတ်လဲခန်းဟာ အသက်(၁၃-၁၄)အရွယ် ဂီတ-အနုပညာကျောင်းသူတွေ Presentation လုပ်တဲ့အခါမှာ အသုံးပြုတဲ့ အခန်းဖြစ်ပါတယ်။ မာ့ခ်ဟာ ဒရာမာဆရာတစ်ဦးဖြစ်ပြီး အခင်းဖြစ်ခဲ့ရာကျောင်းမှာ (၂၀၀၆-၁၅)အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

 

အစိုးရရှေ့နေဖြစ်သူ မေရီမက်ကာသီရဲ့ အဆိုအရ (၂၀၁၄)တုန်းကတည်းက မာ့ခ်ရဲ့ကွန်ပျူတာထဲမှာ ကျောင်းသူလေးတွေရဲ့ အဝတ်လဲတဲ့ဗွီဒီယိုဖိုင်တွေကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အသက်(၄၈)နှစ်အရွယ် ဆရာဖြစ်သူ မာ့ခ်ကို Exeter Crown Court တရားရုံးက Sexual Harm Prevention Order အဖြစ် (၁၀)နှစ်တာ မိန်းကလေးငယ်တွေနဲ့ ထိတွေ့ပတ်သက်မှု မရှိစေရန် တားမြစ်မိန့်ချမှန်ခဲ့ပါတယ်။

 

ဆရာဖြစ်သူ မာ့ခ်က ” ကျွန်တော်က လူကောင်းတစ်ယောက် … စံပြဆရာတစ်ယောက်အဖြစ် ဘဝကို ရပ်တည်ချင်ခဲ့တာပါ … ဒါပေမယ့် အစစအရာရာ ပျက်စီးသွားခဲ့ပါပြီလို့ “ညည်းတွားခဲ့ကြောင်း သိရပါတယ်။ ဝေဖန်သူတွေကတော့ သက်သေဗွီဒီယိုဖိုင်များ ရှိနေပါလျက် သက်ညှာတဲ့ပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့ခြင်းအပေါ် ဝေဖန်နေကြပါတယ်။

Credit : နတ်စည်တော် (MyanmarNote)

Comments

Popular posts from this blog

အစာ ကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး

ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း