.ပုရိသတွေကြား ရေပန်းစားနေတဲ့ ဆယ်လီအပျိုကြီးမမများ

Image
.မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးဆယ်လီတွေဟာ တစ်ယောက်တစ်မျိုးစီလှကြပါတယ်။တစ်ချို့ဆိုရင် အသက်ကြီးမှ အလှက ပို ပြီးပြည့်စုံလာတာကို တွေ့ရပါတယ်။ တစ်ယောက်တစ်မျိုးစီလှနေကြတဲ့ အမျိုးသမီးဆယ်လီတွေအများကြီးထဲကမှ ပုရိသတွေ ရဲ့ နှလုံးသားကို အခုထိ ကိုင်လှုပ်ထားတဲ့ ဆယ်လီအပျိုကြီးမမ တွေရှိပါတယ်။အသက်ကြီးမှ အလှတွေ ပိုတိုးလာပြီး နောက် ပေါက်ကလေးမလေးတွေနဲ့ ဒီနေ့အထိ အလှမှာယှဉ်ပြိုင်နိုင်သေးတဲ့ ဆယ်လီအပျိုကြီးမမတွေကတော့ (၁)မအေးသောင်း အေးဝတ်ရည်သောင်းကနေ မအေးသောင်းဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲ တကျော့ပြန်လည် နာမည်ကြီးလာ သူပါ။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်စစ အလှက ပုရိသတွေကို လုံးဝကြွေကျသွားအောင် ဖမ်းစားနိုင်ခဲ့တာပါ။မအေးေ သာင်းကတော့ အမျိုးသားတွေ တင်မဟုတ်ပဲ အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားပါတယ်။ မအေးသောင်းအဆင်၊ မအေးေ သာင်းဝတ်တဲ့ အဝတ်အစားဒီဇိုင်းလေးတွေက မိန်းကလေးတွေအတွက် စံထားစရာ ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။” မမ ” ဆိုတဲ့ နာမ်စားကို အမျိုးသားတွေကြား ရေပန်းစားစေခဲ့သူလေးပါ။ (၂)အေးမြတ်သူ ပါးချိုင့်မင်းသမီးလေး ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ မင်းသမီးလေးပါ။မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်သူလေးပါ

လားရှိုး တက္ကသိုလ်ကျောင်းမှ ကျောင်းသားလေးတွေ တီထွင်ထားတဲ့ ဆိုလာစနစ်သုံး မော်တော်ယာဉ်တဲ့ (ရုပ်သံ)


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်ရှိ NISSAN ကားဝပ်ရှော့ပိုင်ရှင် ဦးကြည်လင်းနှင့် သားဖြစ်သူ ကိုမျိုးမင်းသန့်တို့ကဆိုလာစနစ်သုံး အပျော်တမ်း နှစ်ယောက်စီးမော်တော်ယာဉ်တစ်စီးကိုလားရှိုးနည်းပညာတက္ကသိုလ်ကျောင်းမှ သီဟကို၊စိုင်းမင်းဆက်၊မိုင်းသန်းမောင်၊သူရိန်မိုး၊ နိုင်လင်းအောင်၊စိုင်းမင်းပြည့်စုံ၊ဆန်းထွန်း၊VI BE စက်မှုအင်ဂျင်နီယာကျောင်းသားအဖွဲ့တို့ ပူပေါင်းပါဝင်တီထွင် ထုတ်လုပ်ရာ အောင်မြင်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်ကို ပုရွက်ဆိတ်ဟု အမျိုးအစား သတ်မှတ်ပြီး မော်တော်ယာဉ် အရွယ်အစားမှာ အလျား ၇ ပေ၊ အနံ ၂ ပေ ဆိုလာပြား နှစ်ချပ်နှင့် ဘက်ထရီငါးလုံး ရှိ၍ ရီမုဒ်ကွန်ထရိုးစနစ်ဖြင့် စက်နှိုးကာ ၇ မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။

”ကျွန်တော်တို့ ဒီမော်တော်ယာဉ်ကိုစတင်ပြုလုပ်တာ ၃ ပတ်အချိန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပစ္စည်းတန်ဖိုးနဲ့ လက်ခအပါအဝင် စုစုပေါင်း ၂၅ သိန်းခန့်ကုန်ကျပါတယ်။ ကျွန်တော်တို့မြို့တစ်ပတ်ကို စမ်းသပ်မောင်းနှင်တဲ့အခါ အောင်မြင်ပါတယ်။ လောလောဆယ်တော့ ကားအမျိုးအစားကို ပုရွက်ဆိတ်လို့ အမည်ပေးထားပါတယ်။

အပျော်တမ်း နှစ်ယောက်စီးယာဉ်ကို စမ်းသပ်ထုတ်တာပါ”ဟု ဆိုလာစနစ် မော်တော်ယာဉ်စွန့်ဦးတီထွင် ထုတ်လုပ်သူ ကိုမျိုးမင်းသန့်ကပြောသည်။ယခုလို ဆိုလာစနစ် မော်တော်ယာဉ်ကို ပြည်တွင်း၌ စွန့်ဦးတီထွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက စက်သုံးဆီလျှော့ချခြင်းဖြင့် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဉ္စမ မဏ္ဍိုင်


Comments

Popular posts from this blog

ကျောင်းသူအဝတ်လဲခန်းအတွင်း လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့သည့်ဆရာ အပြစ်ပေးခံရ

အစာ ကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး

ပွဲတက်ဝတ်စုံနဲ့ပတ်သတ်ပြီး ဝေဖန်ခံနေရတဲ့ နန်းစန္ဒာလှထွန်း