မံစီ ကိုက်ထိပ်ဒေသ Kia ငယ်သားများ ခွင့် ပြဿနာ တက်နေ
- Get link
- X
- Other Apps
ကချင်ပြည်နယ် မံစီ ကိုက်ထိပ်ဒေသတွင် လှုပ်ရှားပြီး ရှေ့တန်းစခန်းကုန်းတွေမှာ တာဝန် ထမ်းဆောင်နေတဲ့ လက်အောက်ငယ်သားများဟာ ခွင့်ပြဿနာတက်နေကြတယ်လို့ သိရပါတယ်။
KIA အဖွဲ့အတွင်းမှာ ခွင့် ခံစားခြင်းနဲ့ ပတ်သက်ရင် အထက်လူကြီးတွေသာ မကြာခဏ ပြန်နေကြသော်လည်း လက်အောက်ငယ်သားများ ခွင့်တောင်းရင် စစ်ဆင်ရေး အရေးကြီးတယ်… လုံခြုံရေး အခြေအနေအရ အင်အား လိုနေလို့ စတဲ့ အကြောင်းပြချက်များဖြင့် ခွင့်ခံစားမှု မရရှိကြ ဘူးလို့ ဆိုပါတယ်။ ၎င်းတို့ အနေနဲ့ သေစရာရှိရင် ရှေ့ဆုံးမှ သေရမှာ ဖြစ်ပေမယ့် ခံစားခွင့်တွေကြ တော့ နောက်ကျမှတောင် မရတဲ့အတွက် မကျေနပ် ဖြစ်နေကြတာပါ။
KIA အဖွဲ့အတွင်းက ငယ်သား အများစုဟာ မဝင်မနေရ စနစ်နဲ့ အဓမ္မ စုဆောင်းလို့ တပ်ဖွဲ့ ဝင်တွေ ဖြစ်နေရတာပါ။ အထက်လူကြီးတွေ ငယ်သားတွေကို ခွင့် မပေးတာလည်း သဘာဝတော့ ကျပါတယ်။ ဘာလို့လဲဆိုတော့ ခွင့်ပေးလိုက်တဲ့ ငယ်သား အများစုဟာ ၎င်းတို့ စခန်းကို ပြန်လည် ရောက်မလာကြတာ များနေလို့ပါတဲ့။ ဒါတွေကို စိုးရိမ်ပြီး ခွင့်မပေးတဲ့ အတွက်လည်း KIA တပ်ဖွဲ့ အတွင်းမှာ ထွက်ပြေးမှုတွေ နေ့စဉ်နဲ့ အမျှ ဖြစ်ပွားနေပါတယ်။
သို့သော်လည်း ငယ်သားတွေ ဘဝဟာ ထွက်ပြေးလို့ လွတ်မြောက်နိုင်ပေမယ့် ၎င်းတို့ရဲ့ မိဘ၊ ဇနီးမယားတွေကို အကြပ်ကိုင် ဖမ်းဆီးခေါ်ဆောင်ခြင်းကြောင့် KIA အဖွဲ့အတွင်းကနေ လွတ်မြောက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ KIA ရဲ့ ဝဲဂယက်ကနေ လွတ်မြောက်ဖို့ ဆိုရင် ဆွေမျိုး အကုန် မြန်မာပြည်အောက်ပိုင်းကို ထွက်ပြေးမှသာ လွတ်မြောက်မှာ ဖြစ်တယ်လို့ ညည်းတွား နေကြကြောင်း မိုင်းခေါင် တိုက်ပွဲရှောင်စခန်းနေ KIA မိသားစုဝင်တွေအတွင်းမှာ ကြေကွဲသံစဉ်တွေ လွင့်ပျံနေလေတယ်။
#သတင်းစုံ
- Get link
- X
- Other Apps
Comments
Post a Comment